ဖိုးသာအောင် BLOG မှနွေးထွေးစွာ ကြိုဆိုပါတယ်

Photobucket
Showing posts with label Andriod ဖုန်း. Show all posts
Showing posts with label Andriod ဖုန်း. Show all posts

Monday, October 1, 2012

Andriod OS ဖုန်းကို Root လုပ်နည်း

Andriod OS   Vodafone 858 Smart / Huawei U8160 ကို Root ဘယ်လိုလုပ်မလဲ....
လိုအပ်သည့် App တွေကို အရင်ဆုံးဒေါင်းလိုက်ပါ
z4root.1.3.0.apk, root-axplorer.v2.17.2.apkနဲ့ superuser.apk တို့ကို အရင်ဒေါင်းလိုက်ပါ
အောက်မှာလင့်ခ်ပေးထားပါတယ်။
(၁)setting>>>applicatiion>>>ကိုဝင်ပြီး>>>unknown sources ကို အမှန်ခြစ်ပေးလိုက်ပါ။
(၂)ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။Menu>>>Notification>>>USB  connected>>>turn on USB storage ကိုနှိပ်ပါ။ဒါဆိုရင် ဖုန်းနဲ့ ကွန်ပြူတာနဲ့ ချိတ်ဆက်မိသွားပါပြီ။
(၃)စောစောကဒေါင်းထားတဲ့ ဖိုင်သုံးခုလုံးကို sd-card ထဲကို ကူးထည့်လိုက်ပါ။ပြီးရင် Turn off USB storage ကိုနှိပ်ပြီး ကွန်ပြူတာ ကနေချွတ်လိုက်ပါ။
(4)setting>>>application>>>Development>>>ကိုသွားပြီး>>>USB debugging ကိုအမှန်ခြစ်ပေးထားလိုက်ပါ။
(၅) file manager ကိုရှာပြီး sd card ထဲကိုဝင်ပါ>>စောစောက ကူးထားတဲ့ superuser.apkနဲ့ root explorer.apk ဖိုင်တွေကို ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် z4root.1.3.0.apk ကို အင်စတောလုပ်ပါ>>>>open>>.Permanent Root ကိုနှိပ်ပေးလိုက်ပါ။ ခဏကြာရင် သူ့အလိုလို ဖုန်း restart ကျသွားပါလိမ့်မယ်။Root လုပ်ခြင်းပြီးဆုံးပါပြီ။


Andriod ဖုန်းကို root လုပ်စရာမလိုဘဲ မြန်မာစာ ရေးလို့ဖတ်လို့ရပြီ


အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။
1st Myanmar Browser+1st Myanmar Reader
ဒီကောင်လေးက Andriod OS ဖုန်းတွေကို Root လုပ်စရာလိုပါဘုး ပြီးတော့ ဇော်ဂျီဖေါင့်တွေ ကီးဘုတ်တွေ ကိုလည်း install လုပ်စရာမလိုဘဲ မြန်မာစာကို ရေးနိုင် ဖတ်နိုင်တယ်
Andriod ဖုန်းနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေကိုပြည့်ပြည့် စုံစုံ လေ့လာချင်တယ်ဆိုရင်
ဒီလင့်ခ်မှာ
http://www.myanmarmobileapp.com/ လေ့လာနိုင်ပါတယ်။

 1st Myanmar Browser+1st Myanmar Reader Apk ကို ဖုန်းနဲ့ တိုက်ရိုက် ဒီလင့်မှာ https://play.google.com/store/apps/details?id=org.firstmm.browser ဒေါင်းယူနိုင်ပါတယ်
ဒါမှမဟုတ် နှစ်မျိုးလုံးကို တစ်ခါထဲလိုချင်ရင် အောက်ကလင့်ခ်မှာဒေါင်းလိုက်ပါ
http://www.mediafire.com/?8nqfi8b8x4dprkl 

Saturday, September 29, 2012

Andriod ဖုန်းနဲ့ i-phone အသုံးပြုနည်း မြန်မာ E-book

အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။


Andriod ဖုန်းနဲ့ i-phone တွေကို ဘယ်လိုအသုံးပြု မလဲဆိုတာကို
ဖော်ပြထားတဲ့ စာအုပ်လေးပါ လိုရင် အောက်မှာယူသွားလိုက်ပါ
ဒေါင်းလိုဒ်လင့်ခ်>>>>>http://www.mediafire.com/?cacw9vvd999xljc
<<<<<<<<<<<<<<<<ဒီနေရာ >>>>မှာဒေါင်းလဲရပါတယ်

Saturday, September 22, 2012

Andriod ဖုန်းကိုမြန်မာလို စာရိုက် စာဖတ်လို့ရအောင်လုပ်နည်း

Andriod Phone ထဲကိုမြန်မာဖေါင့် ထည့်နည်းလေးပါ။ကျနော့်ရဲ့Andriod ဖုန်းကိုလက်တွေ့လုပ်ကြည့်ပြီး မှ တင်ထားပေးတာပါ။ကျနော့်လိုဘဲ မသိသေးသူတွေအတွက်လက်ဆင့်ကမ်းပေးလိုက်တာပါ။ကျနော့ဖုန်းအမျိုးအစားကတော့ vodafone 858 smart  U8160---U ပါ version ကတော့ V.2.2.1ပါဘဲ။ကျနော်ထင်တာကေ version v.2.0 ကစပြီးအထက်ကို လုပ်လို့ရတယ်လို့ထင်ပါတယ်။ဖုန်းထဲမှာပါလာတဲ့ မူရင်းဖေါင့်လဲ မပျက်ပါဘူး အဆင်ပြေပါတယ်။
    ကဲ Zawgyi ဖေါင့်ကိုဘယ်လိုထည့်မလဲ                                                                                                                                                                                                
(၁)andriod ဖုန်း version အလိုက်  root လုပ်ပေးထားရပါမယ်။ (root လုပ်နည်း ပို့စ်မှာလေ့လာနိုင်ပါတယ်)
(၂)Fontchangerlite--v.1.8.5.APK ကို install လုပ်ရပါမယ်။ဒေါင်းလို့လုပ်ရန်အောက်မှာ လင့်ခ်ပေးထားပါတယ်။
(၃)Root Explore .APK ကို အင်စတောလုပ်ပါ။
(၄)FrozenKeyboard V.1.1.3 ကိုအင်စတောလုပ်ရဦးမယ်။
(၅)ZawGyi- One .ttf ကို sdcard ထဲကိုကော်ပီကူးထည့်ထားပါ။
zawgyi one .APK ကိုပြောတာမဟုတ်ပါဖူး/ဒီမှာဒေါင်းပြီးဖိုင်ကိုဖြေပါ sdcard ထဲကူးထည့်ပြီး အင်စတောလုပ်ပါ......၄ မျိုးတစ်ပေါင်းတည်း ဒီမှာဒေါင်းလိုက်ပါ>>>>>>>http://www.mediafire.com/file/bye5i5u6027ky6j/zawgyi_keyboard+font.rar
            ဒါတွေအားလုံးကို ဖုန်းထဲထည့်ပြီး အင်စတောလုပ်ထားပြီးပြီဆိုရင်
(၁)RootExploer ကိုဖွင့်ပါ>>>>>sdcardနရာကိုသွားပါ>>>>zawgyi-one ဖိုင်ကိုဖိပြီး copy ကိုနှိပ်ပါ
paste ကိုမနှိပ်ပါနဲ့ဦး...ပြီးရင် back ခလုပ်ကိုနှိပ်ပါ....ခုနက RootExploer ကိုပြန်ေ၇ာက် ရင် Fontchanger foder ကိုရှာပြီးဖွင့်ပါ/  နဂို font တွေရှိတဲ့folder ကိုဖွင့်ပြီးရင် အောက်က paste ကိုနှိပ်လိုက်ပါ. ပြီးရင် Home page ကိုနှိပ်ပါ. ပြီးတော့  ဖုန်းပါဝါကိုပိတ်လိုက်ပါ restart ချလိုက်ပါ။ဖုန်းကိုပြန်ဖွင့်ပါ  ..Desk .ပေါ်ကFontchaner folder ကိုဖွင့်ပါ။ခုနကကူးထည့်ထားတဲ့ ဇော်ဂျီ ဖေါင့်ကိုတွေ့တဲ့အခါ ခဏဖိထားပါ pop up menu လေးပေါ်လာတဲ့အခါ set ကိုနှိပ်ပေးလိုက်ပါ။ဒီအခါမှာ apply    ---preview----နဲ့   cancel ပေါ်လာရင် apply ကိုရွေးပေးလိုက်ပါ။ ဖုန်းကို reboot တောင်းပါလိမ့်မယ်။ reboot လုပ်ပေးလိုက်ပါ ။ဖုန်းပြန်တက်လာတဲ့အခါ zawgyi ဖေါင့်ဖြင့် စာရိုက်လို့ရပါပြီ ဖတ်လို့လဲရသွားပါပြီခင်ဗျား။
ကြိုးစားကြည့်ကြပါ။ ကျေးဇူးတင်ပါတယ်

Friday, September 21, 2012

တကမ္ဘာလုံး ဖုန်းfree ခေါ်ကြစို့

အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။

Viber ဖြင့်ဖုန်းfree ခေါ်ရန် 

 


wi fi  သုံးလို့ရတဲ့ဖုန်းတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ သူငယ်ချင်းတွေဆီကို အခကြေးငွေမကုန်ဘဲ
free call  ခေါ်ကြမယ်
(၁)viber software ကိုဒေါင်းပြီးတော့ ဖုန်းထဲကို install လုပ်ထည့်ပါ။(ဖုန်းအမျိုးအစား အလိုက်   www.viber.com မှာ
သက်ဆိုင်ရာဖုန်းအမျိုးအစားအလိုက်    ဖုန်းနဲ့ဘဲ ရှာပြီးဒေါင်း----ပြီးရင် အင်စတော လုပ်လို့ရပါတယ်)
မိမိဖုန်းဟာ  i-phone,     andriod,   black berry,  window phone တစ်မျိုးမျိုးဖြစ်ရမယ်   wi - fi  စနစ်နဲ့ internet သုံးလို့ရ တဲ့ဖုန်းမျိုးဖြစ်မှရမယ်
(၂) အင်စတော လုပ်ပြီးရင်  အကောက်ဖွင့်ပေးရမယ်  activate ဖြစ်ဖို့အတွက် မိမိရဲ့ဖုန်းနံပါတ်ကို ထည့်ပေးရ မှာဖြစ်တယ်။ voice call နဲ့ဖြစ်ဖြစ်  massage နဲ့ဖြစ်ဖြစ် code နံပါတ်ကို viber.com ကနေ ပို့လာမယ်။ အဲဒီကုဒ်ကို မှန်အောင်ထည့်ပေးလိုက်ရင် viber phone activate ဖြစ်သွားပါပြီ။  WI-FI လိုင်းမိတဲ့နေရာကနေ VIBER SOFTWARE ထည့်ထားတဲ့ ဖုန်း အချင်းချင်း ပိုက်ဆံမကုန်ဘဲ ကမ္ဘာတစ်ဝှမ်းလုံး  FREE ခေါ်လို့ရပါပြီခင် ငှာ----ကျနော့်ဖုန်းက andriod  OS အမျိုးအစားပါ  ကျနော့်ဖုန်းထဲမှာလဲ viber software ထည့်ထားပါတယ်  ခင်ငှားတို့ဖုန်း ထဲမှာလဲ viber ထဲ့ပြီး စမ်းခေါ်ကြည့်ချင်တယ်ဆိုရင် ဖုန်းနံပါတ်လေး+64,021,028,63715 ရေးပေးလိုက်ပါတယ်---ကျနော်လဲ ကိုညီနေမင်း ဆိုဒ်မှာတွေ့လို့ လုပ်ကြည့်လိုက်တာ တော်တော်လေးကို အဆင်ပြေတယ်ဗျို့
(သတိထားရမှာက အခေါ်ခံရတဲ့သူဘက်က viber နဲ့လား dialer နဲ့လားလို့ မေးတဲ့ အခါ viber နဲ့ answer လုပ်ဖို့တော့ လိုပါတယ်   dialer နဲ့သာ answer လုပ်လိုက်ရင်တော့ သေပြီဆရာရေ့ ကုန်ဖို့သာပြင်ထားပေတော့ဗျို့===အဆင်ပြေကြပါစေဗျား

viber ဆော့ဝဲဒေါင်းရန်---->>>http://www.mediafire.com/?kgk1cohbprg7g12