အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။
ငါးထမင်း(ရှမ်းထမင်းချဉ်)နဲ့ ကြက်သားချဉ်စော်ကားသီးချက်
ငါးထမင်းနယ် လုပ်နည်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း တင်ခဲ့ဖူးပါတယ်.။ ဒါပေမဲ့ ဘလော့်အပြောင်းအရွေ့မှာ ပုံတွေ ပျက်ကုန်ခဲ့ပါတယ်. အဲဒါနဲ့ ပြီးခဲ့တဲ့ မကြာခင်ကမှ နောက် တစ်ခါ ပြန်လုပ် စားဖြစ်တာနဲ့ ဓာတ်ပုံတွေလဲ ရိုက်ထားလိုက်ပါတယ်။ ပိုစ့်ထဲကို ပုံတွေ ပြန်ထည့်ရင်း မသိသေးသူတွေလည်း သိသွားရအောင် ရှမ်းထမင်းချဉ်ခေါ် ငါးထမင်းနယ် လုပ်နည်းကို နောက် တစ်ကြိမ် ပြန်တင်ပေးလိုက်ပါတယ်နော်။ တော်တော်များများလည်း ငါးထမင်းနယ် လုပ်နည်းကို သိပြီးသားဖြစ်မှာပါ။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ။ ငါးထမင်းချဉ်မှာ ငါးကတော့ အဓိကပေါ့နော်။
ပြုတ်ထားတဲ့ငါးကို အရိုး အသား နွှင်ပါတယ်..
ထမင်းကိုတော့ ခါတိုင်းထက် ရေများများပိုထည့်ပြီး ပျော့နေအောင်ချက်ပါတယ်… ပြီးတော့ ၀ယ်လာတဲ့ ငါးကို ရေစင်အောင်ဆေးကြောပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားအချိုမှုန့် ထည့်ပြီး ပြုတ်ပါ တယ်။ အိမ်မှာ စပါးလင်ရှိနေလို့ စပါးလင်ပါ ထည့်ပြုတ်လိုက်ပါတယ်။ အားလူးနဲ့ ခရမ်းချဉ်သီးကိုလဲ ပြုတ်ပြီး ခရမ်းချဉ်သီး ကိုတော့ မွှမွှ ကြေအောင် တောက်တောက် စင်းပါတယ်.. အာလူးကိုလည်း ချေထားပါတယ်။ ကျွန်မကတော့ ခရမ်းချဉ်သီးကို အရောင်ပိုလှအောင် ဆီသတ် ပါတယ်…
ငါးပြုတ်
ခရမ်းချဉ်သီးအနှစ်
အာလူးပြုတ်
ခရမ်းချဉ်သီးအနှစ်
အာလူးပြုတ်
ကြက်သွန်ဖြူဆီချက်
ငရုပ်သီးမှုန့်ဆီကြော်
ငရုပ်သီးမှုန့်ဆီကြော်
ပဲပုတ်အမှုန့်
မြေပဲဆန်
ငရုပ်သီးခြောက်ကြော်
ဂျူးမြစ်
နံနံ
ဂျူးမြစ်နဲ့ နံနံပင် ကို ရေစင်စင်ဆေးပြီး ပုံထဲကအတိုင်း ပြင်ဆင်ထားပါတယ်… ငရုပ်သီးအတောင့် အခြောက်တွေကို ကြော်ထားပါတယ် . . ကြက်သွန်ဖြူဆီကျက် ချက်ပါတယ်.. ငရုပ်သီး င်္ဆီချက် ချက်ပါတယ်။ ပြီးတော့ ပဲပုတ်ခြောက် အပြားကို မီးအေးအေး နဲ့ ကြော်ထားပြီး အေးသွားတဲ့ အခါ ညက်ညက်လေး ထောင်းထားလိုက် ပါတယ်… အချို့ အချဉ်ကြိုက်သူများ မန်ကျည်းသီး အချဉ်ရည်ကိုလည်း အသုံးပြုကြပါတယ်.. ကျွန်မကတော့ ခရမ်းချဉ်သီး အချဉ်နဲ့သာ လုံလောက်ပါတယ်.. အားလုံးပြီးသွားတဲ့ အခါအပေါ်က ပုံအတိုင်း အဆင်သင့်ဖြစ်နေပါပြီ။ငရုပ်သီးခြောက်ကြော်
ဂျူးမြစ်
နံနံ
အဆာပလာ အဆင်သင့်ဖြစ်သွားတဲ့အခါ ထမင်းပျော့ပျော့ကို ဇလုံခပ်ကြီးကြီးထဲ ထည့်ကာ အာလူးကို ချေမွပြီးထည့် ပါတယ်.. ငါးအသား၊ ပဲပုတ်၊ ခရမ်းချဉ်သီးနဲ့ ဆီချက်၊ ငရုပ်သီးဆီတို့ကို ထည့်ပြီး ဆား၊ အရသာမှုန့်တို့ကို သင့်သင့်အောင် ထည့်ပြီး နယ်ပါတယ်။
ပြီးသွားတဲ့အခါ ထမင်းကို ပုံစံလှအောင် ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး လက်နဲ့ အသာ ဖိပါတယ်… ပြီးတော့မှ ပန်းကန်ပြား ပက်ပက်လေးထဲကို အသာမှောက်ပြီးထည့်၊ အပေါ်က ဆီချက်လေးတွေဖြူး၊ မြေပဲဆန်လေးတွေ ပုံလိုက်ပြီး ဘေးနားမှာ ဂျူးမြစ်ရယ် နံနံပင်လေးရယ် နေရာချလို့ ငရုပ်သီးကြော်လေးကို တွဲဖက်လိုက်တဲ့အခါ ပုံလေးထဲကအတိုင်း စားဖို့အဆင်သင့်ဖြစ်ပါပြီ။
နံနံမြိတ်က ဒါဘဲရှိတော့လို့ ရှိတာလေး ထည့်လိုက်တယ်.. မေ့ပြီး ထပ်မဝယ်ထားလိုက်မိဘူး။
ဒါကတော့ ထမင်းကို အပြားလေးတွေ လုပ်ထားတာပါ။
နံနံပင်မရှိပေမဲ့ ဂျူးမြစ်တော့ အများကြီးရှိပါတယ်။ ဂျူးမြစ်များများနဲ့ဘဲ စားပစ်လိုက်ပါတယ်။ 
ငါးကိုရေခပ်များများနဲ့ ပြုတ်ထားတာဆိုတော့ ရှိနေတဲ့ငါးပြုတ်ရည်ကို ဆူအောင်ပြန် တည်ပြီး ရေညှိ အခြောက်လေးထည့်၊ ကြက်ဥကိုခေါက် ပွက်ပွက်ဆူနေတဲ့ ရေထဲကို အပေါ်ကနေ ဖြေးဖြေးလေး လောင်း ချလိုက်တဲ့အခါ ရေညှိကြက်ဥ ဟင်းရည်လေးကို ငါးထမင်းနဲ့ တွဲစားလို့ ရပါပြီ… ဟင်းရည် ပူပူလေးသောက်ရင်း ငရုပ်သီးကြော်လေးကို ကိုက်ရင်း စားလိုက်ရတဲ့ ရှူးရှူးရှဲရှဲ အရသာကို အားလုံးကို ပြန်မျှဝေလိုက်ပါတယ်နော်။
*********************@@@@@@@@@@@**************************
ကြက်သားချဉ်စော်ကားသီးချက်
နောက်ထပ် ဟင်းတစ်မျိုးက ကြက်သားကို ချဉ်စော်ကားသီးနဲ့ချက်တာပါ။ ဒီနည်းကတော့ ရှမ်းမလေး တစ်ယောက်ဆီက ရတဲ့နည်းဖြစ်ပါတယ်။
မိမိချက်မဲ့ ကြက်သားကို ရေစင်အောင် ဆေးပြီး အနေတော် ခုတ်ထစ်ထားပါတယ်။ ချဉ်စော်ခါးသီးနဲ့ ချက်ရာမှာ အရိုးများတဲ့အပိုင်းတွေကို ချက်တာ ပိုစားကောင်းပါတယ်။
ထည့်မဲ့ အဆာပလာတွေပါ။ ချောက်ကော ၊ ဂျင်း၊ ပါးကော (နာနာပွင့်၊ ဖာလာစေ့) ဆီးသီးခြောက်၊ နီနီသေးသေးလေးက ဟော့ပေါ့တွေမှာ ထည့်တတ်ပါတယ် (နာမည်မသိ)၊ ချဉ်စော်ကားသီး တို့ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အဆာပလာ မရှိလည်း ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့သာ ချက်နိုင်ပါတယ်။
ချဉ်စော်ကားသီးကို ပါးပါးလှီးပြီး အစေ့များဖယ်ထုတ်ထားပါတယ်။ ( ကြက်သား အချိုးအစားကိုကြည့်ပြီး ချဉ်စော်ကားသီးကို ထည့်နိုင်ပါတယ်။ ကြက်သားတစ်ခွက်စာအတွက် အသီးတစ်လုံးရဲ့ တစ်ဝက်လောက်သာ ထည့်ထားပါတယ်။)
အဆာပလာများကို ဆီသတ်ပါတယ်
ထို့နောက် ကြက်သားကိုထည့်လိုက်ပါတယ်.
ဆား၊ အရသာမှုန့်များထည့်လို့ ရေထည့်ပြီးနောက် ကြက်သားနူးခါနီးမှ ချဉ်စော်ကားသီးကို ထည့်လိုက်ပါတယ်. အချဉ်သောက် ချက်မယ်ဆိုရင်တော့ ရေများများထည့်နိုင်ပါတယ်. ကြက်သားနူးရင် ချနိုင်ပါပြီ။
ရှမ်းနံနံခပ်လိုက်ပါတယ်. အရည်မပါတဲ့ တစ်ခွက်ပါ။
အရည်နဲ့ နောက်တစ်ခွက်ပါ။
ကြက်သားချဉ်စော်ကားသီးချက်ဟာ လက်လည်းမဝင်ဘဲ လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်. ခံတွင်းပျက်နေသူများ ခံတွင်းလိုက်မဲ့ ဟင်းလည်း ဖြစ်ပါတယ်နော်။
myanmarreferral.com မှကူးယူဖေါ်ပြလိုက်ပါတယ်
ပြည့်ပြည့်စုံစုံသိချင်ရင်တော့ ဒီမှာ ၀င်ကြည့်လိုက်ပါခင်ဗျား---
myanmarreferral.com မှကူးယူဖေါ်ပြလိုက်ပါတယ်
ပြည့်ပြည့်စုံစုံသိချင်ရင်တော့ ဒီမှာ ၀င်ကြည့်လိုက်ပါခင်ဗျား---