ဖိုးသာအောင် BLOG မှနွေးထွေးစွာ ကြိုဆိုပါတယ်

Photobucket

Tuesday, July 9, 2013

Every Day Online Computer သင်တန်း(အခမဲ့) (ညီနေမင်း နည်းပညာ)

အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။
ကိုညီနေမင်း(နည်းပညာ) က အခမဲ့ နေ့စဉ် အွန်လိုင်း ကွန်ပြူတာ သင်တန်းကို ၈-၇-၂၀၁၃ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါပြီ။ ကွန်ပြူတာနဲ့ ပါတ်သက်တဲ့ နည်းပညာ လေးများကို နေ့စဉ် လေ့လာ သင်ယူလို့ ရပါပြီ။

ဝင်ရောက်ရန် လင့်ခ်-----ညီနေမင်း



ယနေ့ (8-july-2013) ရက်နေ့မှာ Online အခမဲ့ သင်တန်းစတင် ဖွင့်လှစ်လိုက်ပါပြီ.

ယနေ့ သင်လိုက်တဲ့ သင်ခန်းစာက နည်းနည်း တိုပါတယ်. Passport ကိစ္စခေါင်းရှုပ်နေတာနဲ့ သင်တာ နည်းနည်းလေးနည်းသွားတယ်. နေ့တိုင်း သင်သမျှဟာတွေကို တင်ပေးသွားမှာ ဖြစ်တဲ့အတွက် လုံးဝ မသိသေးတဲ့ ကွန်ပျူတာနှင့် လုံးဝ စိမ်းနေတဲ့ သူများ စတင်ပြီး လေ့လာကြရအောင်။ ဒီနေ့ကစပြီး သင်ယူကြရအောင်လို့ ဆန္ဒပြုရင်းနှင့် အားလုံးကို လက်ကမ်းလိုက်ပါတယ်။ နေ့တိုင်းသင်မှာပါ။ ကျွန်တော့် ၀ဘ်ဆိုက်ကနေ တဆင့်သင်ပေးမှာပါ။ youtube မှာလည်း တင်ပေးနေပါတယ်။ အပတ်စဉ် တနင်္လာနေ့ကနေ တနင်္ဂနွေနေ့ထိ (၆)ရက်ကိုတော့ ကွန်ပျူတာ အခြေခံသင်ခန်းစာများကနေ စသင်မှာဖြစ်ပြီးတော့ အပတ်စဉ် တနင်္လာနေ့ ကျွန်တော့်သင်တန်းနားရက်မှာတော့ ကွန်ပျူတာ software သုံးနည်းနှင့် အမေးအဖြေများ ကို ဖြေပေးမှာဖြစ်ပါတယ်။ internet လိုင်းမကောင်းသူများအတွက် သင်ခန်းစာများကို Download လုပ်နိုင်စေရန်ပါ စီစဉ်ပေးထားပါတယ်။ နေ့စဉ်သင်ကြားမှာ ဖြစ်ပါတယ်။ မည်သူမဆို အင်တာနက် ရသည့် မည်သည့်နေရာကနေ မဆို သင်ယူနိုင်မှာဖြစ်ပါတယ်။

သင်ခန်းစာ (၁)

(Desktop Shortcuts အကြောင်း) 


(Personalize အကြောင်း) 


(Taskbar and Properties အကြောင်း) 

===================
Video ဖိုင်တွေကတော့ အောက်မှာ Download လုပ်ယူလိုက်ပါ။
===================

Download Video Tutorials
(1) Desktop Tutorials
(2) Personalize

(3) Taskbar and Properties 

17 comments:

  1. ကျေးဇူးကမ္ဘာပါပဲ ဆရာ
    Reply
  2. ကိုညီရေ ကျေးဇူးပါဗျာ နေတိုင်းစောင့်ဒေါင်းမှာပါ
    တစ်ခုတော့ တောင်းဆိုပါရစေ ကျွန်တော်ကချောင်းသာကဆိုတော့ လိုင်းမကောင်းဘူးခင်ဗျ အဲ့ဒါကြောင့် ဖိုင်ဆိုဒ်ကိုနည်းနည်းလောက်ချုံ့ပြီး ဒေါင်းလုဒ်လင့်လေးတွေပါထည့်ပေးစေချင်ပါတယ်ခင်ဗျာ

    ကိုညီ ချမ်းမြေ့သောဘဝကို ပိုင်ဆိုင်နိုင်ပါစေဗျာ
    Reply
  3. ကိုညီရေ နေတိုင်းစောင့်သင်ပါ့မယ်
    ဒေါင်းလုတ်လင့်လေးတွေလည်း ထည့်ပေးစေချင်ပါတယ်
    ကျွန်တော်တို့ကလိုင်းမကောင်းလို့ တက်နိုင်ရင် ဖိုင်ဆိုဒ်လေးပါနည်းနည်း ချုံ့ပေးစေချင်ပါတယ်...
    Reply
  4. အကိုညီနေမင်းခင်မျာ တကယ့်ကိုကျေးဇူးတင်ပါတယ်
    ဒီနေ့ပဲကျနော် စတတ်ပါတယ် နောက်နေ့သင်ခန်းစာတွေကိုလည်းစောင့်မျှော်
    နေပါ့မယ် ကျနော်တစ်ခုတော့တောင်းဆိုချင်ပါတယ် သင်တန်းကိုဖြစ်နိုင်ရင်
    တစ်ဝက်တစ်ပျက်နဲ့မရပ်လိုက်ပါနဲ့ခင်မျာ အကိုသင်သမျှကို စိတ်ပါဝင်စားစွာနဲ့
    ပုံမှန်တက်ရောက် အားပေးပါ့မယ်လို့လည်းကတိပေးပါတယ်ခင်မျာ ....
    လေးစားစွာဖြင့် .........
    Reply

    Replies




    1. ကိုညီရေ...
      ကိုညီရဲ့ဆိုက်ကို အမြဲအားပေးနေပါတယ်
      အမြဲလည်း သင်ကြားပေးနိုင်ပါစေ
      ကျနော်လည်း သင်ယူနေပါတယ်
      ကိုညီ ကျန်းမာပါစေ
  5. ကျေးဇူးးး ကမ္ဘာပါ...........
    Reply
  6. ကိုညီရေ ကျေးဇူးအများကြီးတင်ပါတယ် နေ.တိုင်းလဲစောင်.တင်ပါ.မယ်.
    Reply
  7. ကျေးဇူးတင်ပါတယ် .. အစ်ကိုရေ
    ကျနော်တို့တတွေ အစ်ကို့ဆီကနေ ပညာတွေ သင်ယူခွင့်ရလို့ အရမ်းဝမ်းသာရပါတယ်။
    သင်တန်းလာတက်ဖို့ မဖြစ်နိုင်တဲ့သူတွေအဖို့ အခုလို အွန်လိုင်းကနေ သင်ကြားပေးတဲ့ အစ်ကို့စေတနာကို လေးစားအတုယူမိပါတယ်။
    အစ်ကို့ဆိုဒ်လေးကို ကျနော့်မိတ်ဆွေများကိုလည်း လမ်းညွှန်ပြီး မိတ်ဆက်ပေးဖြစ်ပါတယ်။
    နေ့တိုင်းကျန်းမာပျော်ရွှင်စွာနဲ့ ဆန္ဒရှိသလောက် ခရီးပေါက်ပါစေ ... လို့ ဆုတောင်းပေးပါတယ် အစ်ကို။
    Reply
  8. သင်တန်းဆိုရင်တော စိတ်ဝင်စားတယ် ဘာဘဲသင်သင် တက်မှာဘဲ ဗျ..ခက်တာက ကျနော်သုံးနေတာ အခု ဖုန်းကတ်ထဲမို့လို လှိုင်းမကောင်းတာတခုဘဲရှိပါတယ်....ကျနော်လည်း ဒီနေ့ကစပြီးတော နေ့တိုင်းတက်မှာပါ..
    အပေါ်က အကိုပြောသလို တကယ်စေတနာရှိမယ်ဆိုရင်တောဗျ......သင်တန်းကို တ၀က်လောက်က မရပ်လိုက်ပါနဲ့လိုတောင်းဆိုရင်.........ကျနော် video ဖိုင်တွေကို ကြိုစားပြီးတော ဒေါင်းနေပါတယ်ခင်ဗျ..
    အစဉ်လေးစားလျှက်ပါ....
    Reply
  9. ကျေးဇူးတင်ပါတယ် ဆရာ
    နေတိုင်းစောင့်ဒေါင်းမှာပါ
    ဆ၇ာ ကျွန်တော် phone ထဲမှာပါကြည့်ချင်တယ်ဆရာ
    phone ကမြန်မာစာဖတ်မရဘူး
ွှံHTC android phone ပါ
    ဘယ်လိုလုပ်ရင်ရနိုင်မလဲ ဆရာ သင်ပေးပါ။။။။။
    ကျမ်းမာပါစေး.....။။။။။။
    Reply
  10. ဆ၇ာေ၇---

    ဆ၇ာ့ကျေးဇူးတွေကတော့ ဒီဘ၀ဆက်ကုန်မယ်တောင်မထင်ပါဘူးဆ၇ာ၇ယ်-

    အလုပ်တွေများတဲ့ကြားကသင်ပေးတဲ့ဆ၇ာ့ကို လေးစားအားထားတဲ့အနေနဲ့--

    ကျနော်လည်း အလုပ်များတဲ့ကြားကနေ နေ့တိုင်းဒေါင်းနေ့တိုင်းသင်ပါ့မယ်ဆ၇ာ

    ဆ၇ာပညာတွေလည်း ဆ၇ာ့လို အကျို၇ှိအောင်အသူံးပြူုပါမယ်ဆ၇ာ---
    Reply
  11. တော်တော် ကောင်းတယ်..ဒါတွေက ကျတော်တို့တွေအတွက် တကယ် လိုနေပါတယ်..အ၇မ်းကျေးဇူးတင်တယ်ကွာ..ဒီနေ့ပဲကျနော် စတတ်ပါတယ် နောက်နေ့သင်ခန်းစာတွေကိုလည်းစောင့်မျှော်ပါ့မယ်...
    Reply
  12. ကျေးဇူးပါဘဲ့
    Reply
  13. ကျေးဇူးတင်ပါတယ် ရှင်
    Reply
  14. ကျေးဇူးတင်တယ်နော်အစ်ကို
    Reply