အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။
ကျနော့်စက်မှာ windows detected HDD problem ဆိုတဲ့ မက်ဆေ့ဂ်ျ တက်တက်လာတယ်။ windows ကို စဖွင့်ဖွင့်ခြင်း windows တက်လာတာနဲ့ အဲဒီ မက်ဆေ့ဂ်ျ က တက်တက်လာတယ်။ ၅ မိနစ် ကို တစ်ချိန်လောက် ပုံမှန် တက်တက်လာတယ်။ဘယ်လိုဖြေရှင်းရမှန်းကို မသိဘူးဖြစ်နေတယ်။ဒါနဲ့ ကျနော် HDD Problem ဆိုတော့ HDD ကို check လုပ်ကြည့်တယ်။ဘာပြဿနာမှ မရှိဘူးဘဲ ပြတယ်။ bad sector ကြောင့်ဖြစ်တာလားဆိုပြီး Bad sector repair softwares တွေနဲ့ ဖြေရှင်းကြည့်တယ်။ ဒါလဲ ဒီမက်ဆေ့ဂ်ျ က ပျောက်မသွားဘူး။ ဉနှောက်တော်တော် စားသွားတယ်။၃-၄ရက်လောက်ကြာသွားတယ်။ အဖြေရှာလို့ မရဘူး။microsoft.com ကိုဝင်ပြီး ဒီပြဿနာ နဲ့ပါတ်သက်တဲ့ မေးခွန်းတွေမေးကြည့်တယ်။သူတို့က HDD ကို အသစ်လဲဖို့ဘဲ ပြောတယ်။ဒါနဲ့ နောက်ဆုံး youtube ကိုဝင်ပြီး ဒီပြဿနာ နဲ့ပါတ်သက်တဲ့ ဗွီဒီယို ကျူတာတွေကို ရှာကြည့်လိုက်တော့ ကျနော် ဖြစ်နေတဲ့ ပြဿနာနဲ့ တစ်ပုံစံထဲ သွားတွေ့တယ်ဗျာ။အဲဒီက ပြတဲ့အတိုင်း လိုက်လုပ် လိုက်တာ အားလုံးအဆင်ပြေသွားတယ်။ သူတို့ပြောတာက အဲဒီ မက်ဆေ့ဂ်ျ ဟာ တကယ်မဟုတ်ဘူးတဲ့ဗျာ။ကျနော်ကတော့ ခေါင်းတော်တော်စားသွားတာတော့ အမှန်ဘဲဗျို့။unreal problem တဲ့ဗျား။ဒါကြောင့် မိတ်ဆွေတို့လဲ တစ်ခါတစ်လေ ဒီလိုပြဿနာမျိုးကြုံလာရင် ကျနော့်လို ခေါင်းမစားရတော့ဘဲ အလွယ်တကူ ဖြေရှင်းလို့ရအောင် ကျနော် တစ်ဆင့် မျှဝေ ပေးလိုက်ပါတယ်။ youtube ကlink မှာဝင်ကြည့်လို့လဲရတယ်။ ဒါမှမဟုတ် ဗွီဒီယိုဖိုင်နဲ့ ကြည့်လို့ရအောင် ဗွီဒီယိုဖိုင်လေးပါ တင်ပေးလိုက်ပါတယ်။အောက်ကလင့်ခ်မှာ ဒေါင်းပြီးကြည့်နိုင်ပါတယ်ခင်ဗျား။
မိတ်ဆွေများအားလုံး ကွန်ပြူတာ အခက်အခဲများ အလွယ်တကူ ကျော်လွှားနိုင်ကြပါစေ----

ဒီလင့်ခ်မှာ ၀င်ကြည့်နိုင်ပါတယ်.-----http://www.youtube.com/watch?v=KXGOuAIpL6k
Video tutor download link file-7.13mb,,,,,,,,,http://www.mediafire.com/?8gblv1fn80ug4as