ဖိုးသာအောင် BLOG မှနွေးထွေးစွာ ကြိုဆိုပါတယ်

Photobucket

Wednesday, December 19, 2012

မိုဘိုင်းများ၏ လျှို့ဝှက်အသုံးဝင်ပုံ

အသိပညာ များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြစ် ဒါနပြုပါရစေ။

မိုဘိုင်းဖုန်းများ၏ လျှို့ဝှက်အသုံးဝင်ပုံ

မိုဘိုင်းဖုန်းများ၏ လျှို့ဝှက်အသုံးဝင်ပုံ
မိုဘိုင်းဖုန်းတလုံးအသုံးပြုတော့မယ်ဆိုရင် ဒါလေးတွေသိဖို့လိုပါတယ်.....အသုံးဝင်တဲ့
secret codes လေးတွေနဲ့ အသုံးဝင်ပုံလေးပါ
(၁) အရေးပေါ် ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂
ဆိုတဲ့နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ်
နက်ဝေါ့ခ်ရှာဖွေတဲ့ကုဒ်ပါဆက်သွယ်မှုဧရိ ယာထဲမှာရှိရင် ဒီနံပါတ်ကိုနှိပ်လိုက်တာနဲ့ဖုန်းဟာအနီးဆုံး
ဆက်သွယ် မှုကွန်ရက်ကိုအလိုလျောက်ရှာမှာဖြစ်ပါတယ်။
(၂)မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆိုရင် *3370# ကိုနှိပ်လိုက်တာနဲ့
ဖုန်းတွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့ဓာတ်အားကိုပြန်ဖွင့်ပေးမှာ ဖြစ်လို့ဖုန်းမှာဘက်ထရီထက်ဝက်
အားပြန်ပြည့်လာတာကိုတွေ့ရ မှာဖြစ်ပါတယ်။မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့် တဲ့အခါမှာ သာမာန်
နဲ့အရေးပေါ်သုံးနှစ်မျိုးလုံးအတွက် ဘက်ထရီ အားကို အလိုလျောက်အားပြန်ဖြည့်မှာဖြစ်ပါတယ်။
user တွေအတွက်တော်တော်အသုံးဝင်မယ့်နည်းစနစ်ပါ။
(၃)Remotecontrollocksystemတပ်ဆင်ထားတဲ့ကားအသုံးပြုသူတွေအတွက်ကားထဲမှာ
သော့ကျန်ခဲ့ခြင်း၊အိမ်မှာကျန်ရှိနေခြင်းကျပျောက်ခြင်းဖြစ်ပေါ်ကြုံလာပါက မိုဘိုင်းဖုန်းတစ်လုံး
ရှိရုံနဲ့ အဆင်ပြေပါတယ်။အဓိက သော့နှစ်စုံလောက်ရှိရပါမယ်။အသုံးပြုပုံ ကတော့ အိမ်မှာရှိ
တဲ့လူတစ်ယောက် ဖုန်းကိုမိမိမိုဘိုင်းဖုန်းနဲ့လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင်
အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို ဖုန်း အနားကပ်ပြီးနှိပ်ခိုင်းလိုက်ရုံနဲ့ကားတံခါးပွင့်
သွားမှာဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ကားနားမှာထားရှိရမှာ ဖြစ်ပါတယ်။ဒီနည်းဟာမိမိအ
တွက် ပင်ပန်းမှုမရှိစေဘဲအဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်းအခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအစ
ရှိတဲ့အကြောင်းတစ်ခုခုကြောင့် ပျောက် ဆုံးသွားလို့ ပြန်မရနိုင်တော့ဘူးဆိုရင် အဲဒီဖုန်းကတ်ကို
ဖျက်ဆီးပစ် လို့ရပါတယ်။ ပထမဦးဆုံးအနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်ကိုသိဖို့ *#06# ကိုနှိပ်ပါ။
အဲဒီအခါမှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်။အဲဒီ ဂဏန်းတွေဟာ မိမိဖုန်းရဲ့သီးသန့်နံပါတ်
တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံးသိရှိထားဖို့တော့လိုအပ်မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့နေ့မှာ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဖုန်းဆက်ပြီးကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်
လို့ ခိုးသူဟာSimcard ကိုမထုတ်ရသေးခင်တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable
လုပ်နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင်ကာကွယ်နိုင်မှာဖြစ်
ပါတယ်။
(၅) Nokia ရဲ့ဖုန်းကုတ်နံပါတ်မိုဘိုင်းဖုန်းတွေရဲ့ ကုတ်နံပါတ်တွေ ဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြပါဘူး။
ဒါပေမယ့် Nokia ဖုန်း အသုံးပြုမယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက် ပါတယ်။ ကုတ်နံ
ပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06#
ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။LCD Display ကိုပိုပြီး ရှင်းလင်းပြတ်သားစွာမြင်ချင်တယ်ဆို ရင် *#67705646#
ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ ဖုန်းမှာအသုံးပြု ထားတဲ့ ဟန်းဆက်ရဲ့ ဆော့်ဖ်ဝဲ Version ကိုကြည့်မယ်ဆိုရင်
တော့ *#0000# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ Bluetooth device တွေရဲ့တည်နေရာကို ကြည့်ချင်တယ် ဆိုရင်
*#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နဲ့ ဖုန်းကိုေ
နာက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင် တော့*#92702689#
ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ် များကို ချေဖျက်ချင်ပါက *#3925538# ကိုနှိပ်ပြီးဖျက်နိုင်
ပါတယ်။ Serial 60 ဖုန်းတွေအတွက်က တော့ *#737092 5538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဖုန်းပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင်ဖုန်းပြန်ပွင့်သွားမှာဖြစ်ပါတယ်။
လင်းယုန်ဖြူလေး
Ref;.Shade Journal & google by KO Thu
ကြည့်သူဦးရေ: 72
မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!

Join ♥ မြန်မာချစ်သူမိသားစု ♥
Comment by ♥♥♥ချစ်ဦးမောင်(ရန်ကုန်)♥♥♥ 18 hours ago
ဒီထက်ကောင်းတာတွေသိချင်ရင် ချစ်ဦးမောင် ကိုအပ်လိုက် punkrockaung@gmail.com
Comment by ♥♥♥ချစ်ဦးမောင်(ရန်ကုန်)♥♥♥ 18 hours ago
ဖုန်းတိုင်းမရပါဘူးဆိုတာ မသိသေးတဲ့တယ်ရင်းများကိုထည့်ရေးပေးအုံးနော် ချစ်ဦးမောင်(ရန်ကုန်) ဂွိဂွိ
Comment by thinsu 20 hours ago
နောက်လည်းတင်ပေးပါဦးနော်...အရမ်းကျေးဇူးတင်ပါတယ်
Comment by Nwe Pin 23 hours ago
ဖတ်ပြီးပြီ....
Comment by saw saleain soe မနေ့က
thanks u fri!
Comment by နံရိုး မနေ့က
မှတ်သားသွားပါတယ်ညလေးရေ.........ကျေးဇူးးးးးး
Comment by လေပြေ မနေ့က
မှတ်သားသွားပါတယ်ညလေးရေ....ကျေးဇူး